အငွေ့အသက်

Posted by Sayar Ann


အသက်ရှူသံတွေကြားမှာ
ပေါက်ဖွားလာခဲ့တဲ့
ရင်ခုန်သံ တစ်စုံဟာ
အဲဒီ အသက်ရှူသံတွေကြားမှာပဲ
ပျောက်ဆုံး၊ ပျက်စီးသွားခဲ့တယ် ...

အိပ်မက်တစ်ခုကို
မက်လိုက်ရသလိုပါပဲ
နိုးထလာချိန်မှာ
ဖမ်းဆုပ်မရ​တော့ပေမယ့်
ဝေဒနာ ဒဏ်ချက်တွေကတော့
ယနေ့အချိန်ထိပဲ
ငါ့ နှလုံးသားကို ရိုက်ခတ်ဆဲ ..... ။

မထူးဆန်းပါဘူး ...

Posted by Sayar Ann


ဒီကမ္ဘာကြီးပေါ်မှာပေါ့ ..
ကျနော်တို့ ငိုနေတဲ့အချိန်မှာ အခြား တစ်ယောက်ယောက်က ဟားတိုက်ပြီး ရီချင် ရီနေလိမ့်မယ် ...
ဒီလိုပဲ ကျနော်တို့ ရီနေတဲ့ အချိန်မှာ အခြားသောသူ တစ်ယောက်ဟာ ငိုကြွေးချင် ငိုကြွေး နေမှာပါပဲ ...
ဒါဖြင့် ...
ကိုယ့်ပြဿနာကိုပဲ အမွှန်းတင်ပြီး ကြေကွဲနေကြမယ် ဆိုရင် .. ?