Sayar Ann
Home
ဝတ္ထုများ
ဝတ္ထုတို
ဝတ္ထုရှည်
ကဗျာများ
စာအုပ်များ
စာအုပ် (၁)
Other Blogs
မဟာရာဇာ အံစာတုံး
Anzartone
HealthPlusMm
Contact Me
မည်သူမျှ ဘီအီး မသောက်ရ (တစ်ကြောင်းစာ)
Posted by
Sayar Ann
တစ်နေ့သ၌ သူကြီးဦးခိုင်မှ ၎င်း၏ ရွာသူရွာသားများအား “ည မထွက်ရ” အမိန့်ကို ထုတ်ပြန်လေရာ အချိန်မတော် သန်းခေါင်ကျော် ရွာအတွင်း အော်ဟစ် သောင်းကျန်းလေ့ရှိသူ ဘီအီးသမား စိန်ဗိုက်ဗိုက်မှာ လွန်စွာ စိတ်ဆိုးသွားရကား သူကြီးဦးခိုင်၏ အမိန့်ကို အပြင်းအထန် ကန့်ကွက်သော်ငြားလည်း ရွာလယ်ပိုင်းမှ ထိပ်ပြောင်ပြောင်နှင့်လူကြီး ဖြစ်သူ မောင်ပေ ဆိုသူမှ အဆိုပါ အမိန့်ကို လွှတ်၍ ထောက်ခံနေပြန်သဖြင့် သူကြီးဖြစ်သူမှာ မည်သို့မည်ပုံ ပြုလုပ်ရမည်ကို ရွာ၏ မျက်နှာဖုံး လူကြီးသူမများ ဖြစ်ကြကုန်သော ဘဘပါလေရာ၊ ဘိုးဘိုးကြောင်ကြီး၊ ဦးဦးထူးဆန်း၊ ကိုကိုပုပု၊ မောင်မောင်စံလှ၊ ဘဘိုးကြီးမိုက် စသူတို့အပြင် ရွာ၏ မယ်မယ်များ ဖြစ်ကြသည့် အရီးလတ်၊ ဒေါ်ဒေါ်ပဒုမ္မာ၊ ကြီးကြီးမမ၊ ဘွားဘွားဆူး စသူတို့နှင့် တိုင်ပင်လေရာ ထိုသူတို့၏ အကြံပေးချက်အတိုင်း မဲစနစ်ဖြင့် ဆုံးဖြတ်ရန် အလို့ငှာ သူကြီးဖြစ်သူမှ ၎င်း၏ ရွာသူရွာသားများအား လာရောက် မဲပေးကြရန် ရွာအတွင်း လှည့်လည်၍ ကြေညာမောင်းခတ်စေရန် အာပလာ မောင်အံစာ ဆိုသူအား လွှတ်လိုက်သော်ငြားလည်း မဲပေးကြရန် တစ်ဦးတစ်ယောက်မျှ ပေါ်မလာသဖြင့် ထိုအကြောင်းအား လွန်စွာ နားထိုင်းသော ဘဲဥ ဆိုသူထံတွင် စုံစမ်းလေရာ ဘဲဥ မှ သူကြီးဦးခိုင်၏ အမေးကို မည်သို့ ကြးသွားသည်မသိ၊ “သူကြီးသမီး ရပြီကွ၊ ရပြီကွဟေ့၊ ရပြီကွ” ဟူ၍ ထအော်ပြီးနောက် သူကြီးဦးခိုင်အား ဝမ်းသာအားရ အတင်းဖက်လိုက်သည်တွင် သူကြီးဖြစ်သူမှာ ဘဲဥ၏လက်မှ လွတ်အောင် မနည်းရုန်းထွက်၍ ပြေးခဲ့ရလေရာ ၎င်း၏ အိမ်ဂေဟာ အရောက်တွင် လျှာအတောင့်လိုက် ထွက်နေသဖြင့် အိမ်ရှေ့ ကွပ်ပစ်ပေါ်တွင် အသင့် တွေ့လိုက်ရသည့် ပုလင်းအား ဘာမသိ၊ ညာမသိ မော့လိုက်သည့် အခိုက် ဘီအီးသမား စိန်ဗိုက်မှာ လွန်စွာ လျင်မြန်လှသော အရှိန်ဖြင့် သူကြီးထံသို့ ပြေးလာပြီး သူကြီး၏ လက်အတွင်းမှ ပုလင်းအား အတင်းလုယူလိုက်ကာ အလျင်စလို ပုလင်းအား လှုပ်ခတ်ကြည့်လိုက်ရာတွင် ပုလင်းအတွင်းမှ မည်သည့် အသံမျှ မကြားရသဖြင့် ထပ်မံ၍ ပုလင်းအား ဇောက်ထိုး မှောက်ကြည့်လိုက်သော်ငြားလည်း ပုလင်းအတွင်းမှ ဘာမျှ ကျဆင်းလာခြင်း မရှိသည်ကို တွေ့လိုက်ရသည်တွင် လွန်စွာ စိတ်ဆိုးသွားရကား သူကြီးဦးခိုင်အား မျက်ထောင့်နီကြီးများဖြင့် ကြည့်လိုက်ပြီးနောက် “ခညားဂျီးက ည မထွက်ရ အမိန့်ဆိုဒါဂျီးကိုလည်း ဘာမဆိုင် ညာမဆိုင် အာဏာပါဝါ ပြချင်လို့ ထုတ်လိုက်ချင်သေး၊ အခုလည်း ကျုပ် အကြွေးနဲ့ ဝယ်ခဲ့ရတဲ့ ဘီအီးပုလင်း ကိုလည်း အကုန်မော့ပစ်လိုက်သေး” ဟူ၍ ပြောပြောဆိုဆို သူကြီး၏ ကျောပြင်အား “ဖြောင်း” ခနဲ ရိုက်ချလိုက်လေရာ ဘီအီးအရှိန် တက်လာနေသည့် သူကြီးဖြစ်သူမှာ စိန်ဗိုက် အား မိုက်ကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် “မင်းလားကွ၊ ငါ့ကျောကို ရိုက်တာ” ဟူ၍ လေးလေးပင်ပင် အရက်သမားသံဖြင့် ပြောလိုက်ပြီး အိမ်ပေါ်ထပ်သို့ တက်ရောက်သွားရာ ခဏအကြာတွင်မူ ၎င်း၏ လက်ဆွဲတော် နှစ်လုံးပြူးကြီးကို ကိုင်လျက် ယိုင်တိုင်တိုင် ခြေလှမ်းဖြင့် အိမ်ပေါ်ထပ်ဆီမှ ပြန်ဆင်းလာသည်ကို တွေ့လိုက်ရလေရာ ဘီအီးသမား စိန်ဗိုက်မှာ ဖနောင့်တင်ပါး တစ်သားတည်းကျအောင် ပြေးသည်တွင် ဘီအီးမူးနေသော ဦးခိုင်မှ အမြှီးသာ ခပ်ရေးရေး မြင်ရတော့သည့် စိန်ဗိုက်ရှိရာသို့ မှန်းဆ၍ “ဒိုင်း” ခနဲ နှစ်လုံးပြူးဖြင့် ပစ်လေရကား အဆိုပါ သေနတ်သံကြောင့် ရွာအတွင်း အုန်းအုန်းကျွတ်ကျွတ် ဖြစ်သွားပြီး အကြောင်းသိစေရန် သူကြီးအိမ်သို့ လာရောက် စုံစမ်းကြလေရာ သူကြီးဦးခိုင်မှ ဘာမပြော ညာမပြော သူ့နှစ်လုံးပြူးကြီးနှင့်ချည်း လိမ့်ခွဆော်နေသဖြင့် တစ်ရွာလုံး သူကြီးရန်မှ လွတ်စေရန် ဘေးကင်းရာသို့ ရှောင်ရှားပုန်းအောင်နေရသည့် အခိုက် တစ်ဖက်ရွာဆီသို့ အလည်သွားရာမှ ပြန်လာသော သူကြီးကတော်မှ သူကြီးဖြစ်သူ၏ ဇက်ပိုးအား အနောက်မှနေ၍ အတင်းလွှဲကာ ဖြောင်းကနဲ ရိုက်ချလိုက်တော့မှပင် သူကြီးဖြစ်သူလည်း အမူးပြေသွားပြီးနောက် ဖြစ်စဉ် အလုံးစုံအား သိလိုက်ရသော အခါတွင်ကား “ည မထွက်ရ” ဟူသော အမိန့်အစား “မည်သူမျှ ဘီအီး မသောက်ရ” ဟူသော အမိန့်ကို ပြောင်းလဲ ထုတ်ပြန်လိုက်လေရာ ဘီအီးသမား စိန်ဗိုက်မှာ လွန်စွာ ညစ်သွားရကား ၎င်း၏ အနီးတွင် ရှိနေသော နဖူးပြောင်ပြောင်ကြီးအား ၎င်း၏ လက်အတွင်း ကိုင်ဆောင်ထားသော ဘီအီးပုလင်း အလွတ်ကြီးဖြင့် “ဒေါင်” ကနဲ ရိုက်ထည့်လိုက်လေရာ နဖူးပြောင်ပြောင်နှင့် မောင်ပေဆိုသူ လူကြီးမှာလည်း လွန်စွာ တင်းသွားလေရကား ဘီအီးသမား စိန်ဗိုက်ကို အတင်းဖက်၍ နပန်းချလိုက်လေတော့သတည်း ………….။
ဤတွင် ပြီး၏ ………….။
Email This
BlogThis!
Share to X
Share to Facebook
7:19 AM
ထွင်စာ
← Newer Post
Older Post →
Home
Popular Posts
ကမ္ဘာ့ အန္တရာယ်အများဆုံး တိရစ္ဆာန် (၁၀) မျိုး
၁။ ခြင် (Mosquito) ရိုးရိုး အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ” ခြင် ဆိုတဲ့ အကောင်တွေက ဘာအန္တရာယ် ရှိလို့လဲ ..? ” ဆိုပြီး မေးခွန်း ထုတ်နိုင်ပါတယ်။...
သရဲမွေးတဲ့ ကိုစာကြီး
ရွာတစ်ရွာ တည်ပြီဆိုရင် “စုန်း” ဆိုတဲ့ အမျိုးကလည်း မပါမပြီးလို့ ကြားဖူးပါတယ်။ ရွာတိုင်းမှာလည်း စုန်း ရှိကြတယ်။ သာမာန် ကြည့်ရင်တော့ စုန်းမှန်...
သိမ်ဝင် သပိတ်ကွဲနှင့် အသက်ဝင်လာသော ဘီလူးအင်း
ဘီလူးအင်း ………။ ဘီလူးအင်း ဆိုတာ လောကီ ပညာရပ် ဖြစ်တဲ့ အင်း အမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ အင်းကွက် ရေးတယ်၊ အင်းကွက် ဆွဲတယ် ဆိုတဲ့ စကားတွေကို...
မည်သူမျှ ဘီအီး မသောက်ရ (တစ်ကြောင်းစာ)
တစ်နေ့သ၌ သူကြီးဦးခိုင်မှ ၎င်း၏ ရွာသူရွာသားများအား “ည မထွက်ရ” အမိန့်ကို ထုတ်ပြန်လေရာ အချိန်မတော် သန်းခေါင်ကျော် ရွာအတွင်း အော်ဟစ် သောင်းကျန်းလေ...
အော် … အချစ် … အချစ် …
အချစ် … အချစ် … အချစ် ဆေးလိပ်လေး တစ်လိပ်လောက်မှ သောက်မကောင်းတဲ့ အချစ် … မိုးတိမ်တွေ ဖုံးနေတဲ့ ကောင်းကင်ပြာလို အရောင်တွေ လွင့်ပြယ်သွားပြီဖြစ်...
ခေါင်းစဉ်မဲ့
မညှာမတာ ငါ့ကိုယ်ငါပဲ အပြစ်ဖို့တယ် ချစ်တတ်လွန်းလို့ … ခေါင်းခါပါတယ် မုန်းမေ့ဖို့ တွေးလိုက်မိတိုင်း သူ့တံခါးကို အတင်းပိတ်ထားတယ် ရင်ထဲက ခပ်ဆိုး...
သရဲကို ထိကိုင်မိခြင်း
ကျနော်တို့ ရွာမှာပေါ့ …။ ဦးထွန်းမြင့် ဆိုတဲ့ လူကြီး တစ်ယောက်ရှိတယ်။ ရွာရဲ့ ညနေခင်း အချိန်တိုင်းမှာ ဦးထွန်းမြင့်တို့ အိမ်ကို လာနေကျ လူတစ်ယေ...
ညီလေးအတွက် ရေးတဲ့ကဗျာ
ညီလေး … မင်း မိန်းမခိုးပြေးတာ ဘယ်လို ဖီးလ်လာသလဲဆိုတာ ငါ မသိဘူး … ဒါပေမယ့် အဲ့ဒီသတင်းကြားတော့ မင်းအပေါ်ရှိတဲ့ အကိုတစ်ယောက်ရဲ့အဖြစ်ဟာ လျော့ကျသွ...
Blog ရေးသားခြင်း၏ အကျိုးကျေးဇူးများ
ကမ္ဘာပေါ်မှာရှိတဲ့ လူ သန်းနဲ့ချီပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ blog တွေ ရေးကြတယ်။ ကျွန်တော်တို့လည်း blog တွေ ရေးကြတယ်။ ဘာကြောင့် ရေးကြတာ...
သရဲ မကြောက်သူများ
ကျုပ်တို့ရွာမှာဗျာ …. ဦးတင်ဆောင် ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။ သူက ကျုပ်နဲ့ အမျိုးစပ်မယ်ဆိုရင် ကျုပ် အမေရဲ့ အဖေ၊ ကျုပ်အဖိုးပေါ့ဗျာ။ အဲဒီ ကျ...
Recent Posts
Categories
ကဗျာ
ထွင်စာ
မှတ်ဖွယ်မှတ်ရာ
ဝတ္ထုတို
ဝတ္ထုရှည်
သုတေသီစာစုများ
ရေးမိရေးရာ စာ
Blog Archive
►
2014
(31)
►
May
(1)
►
March
(1)
►
January
(29)
►
2013
(1)
►
October
(1)
▼
2012
(10)
▼
September
(8)
တကယ့် “ သတ္တိ ”
လွမ်းတတ်တယ်
ပုံပြင်လေးတစ်ပုဒ်ပါ
ရေးမိရေးရာ ဒီကဗျာ
ညီလေးအတွက် ရေးတဲ့ကဗျာ
မည်သူမျှ ဘီအီး မသောက်ရ (တစ်ကြောင်းစာ)
ကြောက်မက်ဖွယ်ရာ တစ်ညတာ
Blog ရေးသားခြင်း၏ အကျိုးကျေးဇူးများ
►
April
(2)