ခေါင်းစဉ်မဲ့

Posted by Sayar Ann
မညှာမတာ
ငါ့ကိုယ်ငါပဲ အပြစ်ဖို့တယ်
ချစ်တတ်လွန်းလို့ …

ခေါင်းခါပါတယ်
မုန်းမေ့ဖို့ တွေးလိုက်မိတိုင်း
သူ့တံခါးကို
အတင်းပိတ်ထားတယ်
ရင်ထဲက ခပ်ဆိုးဆိုးနှလုံးသားက
မုန်းဖို့အင်အား မရှိဘူး …… တဲ့





တစ်ကို နုတ်ကြည့်ပါလား
သုံးကနေ နှစ်ဖြစ်ချင်ရင်
ပတ်သက်ခဲ့သမျှ
မှတ်ဉာဏ်တွေအကုန်လုံးကို
ခဏလောက်ဖြစ်ဖြစ်
မေ့ကြည့်ပါသေးတယ်
ဒါပေမယ့်လည်း
သံယောဇဉ်လက်ကျန်က
ရင်ထဲမှာ တွင်းတူးပြီးနေတယ်

အချစ်ဦးမို့
တစ်သက် မမေ့ဘူး
သူ့အတွက်
ဒီလူမှာ ငိုနေရတာ
မြင်နိုင်မှာမှ မဟုတ်တာ

ဇာတ်လမ်းပြီးကတည်းက
မဆိုင်သလို မျက်နှာထားနဲ့
ရင်ခုန်ခြင်းတွေ ရပ်တန့်သွားတဲ့
ငါ့ဘဝရဲ့ အချစ်ရဆုံးသူ
နေ့စွဲတိုင်းမှာ
ရေးမှတ်ထားခဲ့တဲ့
ဒိုင်ယာရီ စာမျက်နှာတွေထဲမှာလည်း
သူ့နာမည်လေးကတော့
အစဉ်အမြဲ ပါနေဆဲ

တကယ်လို့များ
နောက်ဘဝဆိုတာရှိခဲ့ရင်
ချစ်တတ်တဲ့ နှလုံးသားနဲ့
အမျိုးမတော်ပါရစေနဲ့
ခံစားတတ်လွန်းလို့ …………… ။

By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း
==========================