ဒါဟာ ...
ပထမဆုံး ရေးတဲ့စာ .....
ပထမဆုံး ရေးတဲ့စာ .....
4:18 AM
"သနားကြပါ ခင်ဗျာ၊ ကျွန်တော့်သားလေး ထမင်းမစားရသေးလို့ ထမင်းဖိုးလေးများ သနားကြပါ ခင်ဗျာ"
"အကိုကြီး၊ အမကြီးတို့ရယ် … ထမင်းဖိုးလေးများ သနားကြပါ ခင်ဗျာ"
"လူလေး … အဖေတို့ ဘယ်လောက်ရပြီလဲ ကြည့်စမ်းပါဦးကွာ၊ ပိုက်ဆံပြည့်ရင် အဖေတို့ ထမင်းသွားစားကြရအောင်၊ လူလေးလည်း အတော်ဆာနေပြီ မဟုတ်လား၊ အဖေလည်း ဆာနေပြီကွာ၊ အင်းလေ … မနက်ကတည်းက ငှက်ပျောသီးလေး တစ်လုံးစီပဲ စားထားကြတော့ ဆာမှာပေါ့"
"အမလေး … လေး .. အရပ်ကတို့ရဲ့ …။ မအေးရဲ့နေရာမှာ သူတောင်းစား သားအဖက စီးပွားဖြစ်နေကြပါပေါ့လား၊ ကြည့်စမ်းပါဦး … ကြည့်စမ်းပါဦး … မအေး ဝယ်ထားတဲ့နေရာမှာ မိန့်မိန့်ကြီးတွေထိုင်ပြီး ပိုက်ဆံတွေ ရေနေလိုက်ကြတာ၊ ဒီနေ့အဖို့တော့ မအေး လာဘ်ပိတ်ပါပြီတော့၊ ဟဲ့ … သူတောင်းစားတွေ … သွားကြ … သွားကြ … ဒါ ငါ့နေရာဟဲ့"
"ဟဲ့ … သေနာ သူတောင်းတွေ၊ သွားကြလို့ ပြောနေတာ ကြားလား၊ ဒါ ငါ့နေရာဟဲ့၊ သွားကြ … သွားကြ"
"ဟုတ် .. ဟုတ် .. ဟုတ်ကဲ့ … သွားပါ့မယ် ခင်ဗျာ၊ သွားပါ့မယ်၊ လူလေး .. အဖေ့ကို ချိုင်းထောက်လေး ပေးပါဦး"
"နေဦး … နေဦး၊ နင်တို့တွေ နောက်အခါ ငါ့နေရာမှာ တောင်းစားလို့မရအောင် ဈေးကောက်ကို တစ်ခါတည်း တိုင်ပြီး မောင်းထုတ်ပစ်ရမယ်"
"လူလေး .. အဖေ့ကို ချိုင်းထောက် မြန်မြန်ပေးပါကွ၊ အဖေတို့ သွားရအောင်၊ ဟိုမိန်းမကြီး ပြန်လာရင် မလွယ်ဘူးကွ"
"ဟေ့ကောင် … သူတောင်းစား အစုတ်ပလုတ်၊ မင်းက မအေးနေရာမှာ လာတောင်းစားနေတယ်ဆိုကွ၊ ဒီနေရာမှာ တောင်းပဲ တောင်းတောင်း၊ ရောင်းပဲရောင်းရောင်း ငါ့ကို အခွန်ဆက်ရတယ်ဆိုတာ မင်း မသိဘူးလား"
"မသိလို့ပါ ခင်ဗျာ၊ ကျွန်တော်တို့ ထမင်းဖိုးလေး မရှိလို့ တောင်းစားနေတာပါ ခင်ဗျာ"
"အောင်မလေး … မသိလို့ ဆိုတိုင်းသာ ခွင့်လွှတ်ရရင် ငါ့ယောက်ကျား ဖေတင် မယားငယ်နောက် ပါသွားတာ ကြာလှပြီ။ ဟဲ့ … ဖေတင် … ဘာလုပ်နေရာလဲ … ဒီသူတောင်းစားတွေကို မောင်းထုတ်ပစ်စမ်း"
"သူတောင်းစားတွေ၊ နောက်အခါ ဒီနေရာမှာ လာပြီး တောင်းမစားကြနဲ့၊ တွေ့လို့ကတော့ အသေသတ်ပစ်မယ်၊ ကြားလား၊ သွားကြ"
"နေဦး .. နေဦး .. ငါ ပြောစရာရှိသေးတယ်"
"အေး … နောက်အခါ မင်းတို့ကို ဒီမှာ မမြင်ချင်ဘူး။ မြင်လို့ကတော့ တစ်ခါတည်း ထောင်ထဲ ထည့်ပစ်လိုက်မယ် ဘာမှတ်နေလဲ"
"ဒီနေရာမှာ တောင်းတောင်း၊ ရောင်းရောင်း ငါ့ကို တစ်ဝက်ပေးရတယ်၊ ပေးစမ်း မင်းတို့ပိုက်ဆံ"
"ခင်ဗျားတို့တွေ အတော်ရိုင်းစိုင်းကြပါလား၊ လူရော ဟုတ်ကြရဲ့လား၊ ဘယ့်နှယ်ဗျာ၊ မရှိလို့တောင်းစားနေရတဲ့ သူတောင်းစားတွေကိုမှ ဝိုင်းပြီး အနိုင်ကျင့်နေကြတယ်၊ အတော်ပဲ စိတ်ဓါတ် အောက်တန်းကျတဲ့ လူတွေပဲ၊ ဒီတစ်ခါတော့ ရှိစေတော့၊ နောက်အခါဆိုရင်တော့ ခင်ဗျားတို့ကို ကားနဲ့အသေတိုက်ပြီး သတ်ပစ်မယ်"
"ခင်ဗျားတို့ကို ပြောခဲ့ရဦးမယ်၊ ကျုပ်နာမည် မောင်မိုးလို့ ခေါ်တယ်၊ အေး .. ဒါပေမယ့် .. ခင်ဗျားတို့လို လူမဆန်တဲ့လူတွေအတွက် ဆိုရင် ကျုပ်ဆိုတဲ့ မောင်မိုးဟာ ဓါးမိုးလှံမိုးတွေ ဖြစ်လိမ့်မယ်၊ အနိုင်ကျင့်ခံရတဲ့ လူတွေအတွက် ဆိုရင်တော့ ကျုပ်ဆိုတဲ့ မောင်မိုးဟာ ဂရုဏာမိုးတွေ ဖြစ်လိမ့်မယ်၊ ဒါမျိုးတွေ နောက်အခါ မဖြစ်ပါစေနှင့်၊ ဒီတစ်ခါတော့ သတိပေးလိုက်မယ်၊ လာကြဗျာ … အကိုကြီးနဲ့ ညီလေး ..၊ ကျုပ်ကားပေါ်တက်ကြ"
“ဒေါ်အေးမေကြီး ကလည်းဗျာ။ သာကူ တစ်ကျပ်ဖိုးက နည်းတာပေါ့။ ကျုပ်ကို ထပ်ထည့်ပေးဦး”ဟူ၍ အတွန့်တက်လေသည်။ ထိုအခါ သာကူသည် အဒေါ်ကြီးမှာ ဆံရှည်ကလေးအား “စားပြီးရင် အဆစ် ထပ်မတောင်းနဲ့တော့၊ မရတော့ဘူး” ဟုဆိုကာ သာကူ အနည်းငယ် ထပ်ထည့်ပေးလိုက်လေ၏။
“ဒေါ်အေးမေကြီး၊ ဖိုးကတုံး ထဲလည်း ထပ်ထည့်ပေးလိုက်ဦးဗျ”ဟူ၍ သာကူသည် အဒေါ်ကြီးအား ဆံရှည်လေးမှ ပြောလိုက်ပြန်လေရာ ဒေါ်အေးမေကြီးလည်း ဖိုးကတုံး ပန်းကန်ကို ယူကာ သာကူ အနည်းငယ် ထပ်၍ ထည့်ပေးလိုက်ပြန်လေ၏။ ဤသို့နှင့် ကတုံးနှင့် ဆံရှည်လေးတို့သည် အရိပ်ကောင်းသော စိန်ပန်းပင်ကြီးအောက်တွင် သာကူ ပူပူများအား လေကလေးဖြင့် မှုတ်ကာ မှုတ်ကာ စားနေလျက် ရှိကြလေတော့၏။
“ဟေ့ကောင် … ကတုံး၊ မင်း သာကူ ငါ့ကို ပေးစမ်း”ကတုံးလေးထက် နှစ်ဆခန့် ထွားကြိုင်းဟန် ရှိသော ကျောင်းသား တစ်ယောက်မှ ကတုံးလေး ထံမှ သာကူပန်းကန်အား တောင်းယူ လိုက်ခြင်း ဖြစ်လေသည်။ ထိုအခါ သာကူသည် အဒေါ်ကြီးမှ …
“ဟဲ့ .. ငထွန်း၊ မင်း သောက်ချင်ရင် ဝယ်သောက်ပါ့လားကွယ့်။ သူများဟာကို အဲ့ဒီလို မလုပ်ရဘူးလေ”ဟူ၍ ပြောလိုက်လေရာ ငထွန်းဆိုသူ လူထွားလေးမှ …
“ကျုပ်ဟာကျုပ် တောင်းစားချင်လို့ တောင်းစားတာ ခင်ဗျား အရေးလား၊ ဒီမှာ ဒေါ်အေးမေကြီး ခင်ဗျား သာကူ တစ်အိုးလုံး ဝယ်စားလိုက်လို့ ရတယ်ဗျ။ နားလည်လား”ဟူ၍ ပြန်လည် ပြောဆိုလေရာ ဒေါ်အေးမေကြီးလည်း ငြိမ်နေရတော့၏။ အဘယ်ကြောင့် ဆိုသော် ငထွန်း၏ မိဘဖြစ်သူများမှာ အဆိုပါ ရွာလေးအတွင်းမှ မျက်နှာကြီးများ ဖြစ်ကြသကဲ့သို့ အလွန်မာန်မာနကြီးပြီး ရက်စက်တတ်သူများလည်း ဖြစ်ကြသောကြောင့် ဖြစ်လေ၏။
By - မဟာရာဇာ အံစာတုံး================
By - မဟာရာဇာ အံစာတုံး================
“ဘယ်လိုတုန်း ငါ့မြေးရဲ့၊ တစ်ရေးနိုးလာတာလားကွ”
“ဟုတ်တယ် အဘ၊ ဒါနဲ့ အဘကလည်း ညကြီးမင်းကြီး တစ်ယောက်တည်း ဘာလို့ ထိုင်နေတာတုန်း၊ ခုဟာက ရွာထဲလည်း မဟုတ်ဘူး၊ တောထဲ အဘရဲ့”
“ဟ … ငါ့မြေးကလည်း၊ တောထဲနေနေ ရွာထဲနေနေ ညဟာ ညပါပဲကွ၊ တောထဲက ရွာထဲထက် ပိုပြီးတောင် လေကောင်းလေသန့် ရပါသေးတယ်ကွာ”
“အဘ ကလည်းဗျာ၊ ကျုပ်က လေကောင်းလေသန့် ရတာကို ပြောတာ မဟုတ်ဘူးဗျ၊ တောထဲဆိုတော့ … ဟိုလေ .. သရဲတွေ ရှိတယ်ဗျ”
“အဘ၊ အဲ့ဒီ အသံက တောင်ပေါ်က လာတာလားဟင်”
“ဟုတ်တယ်လေ ငါ့မြေးရဲ့၊ တောင်ပေါ်က လာတာပဲကွ၊ တော်တော် လွမ်းစရာ ကောင်းသံ လက်သံပဲ ငါ့မြေးရဲ့”
“ဟာဗျာ အဘကလည်း၊ လက်သံက ကောင်းကောင်း မကောင်းကောင်း၊ အဲ့ဒါ သရဲ ခြောက်တာဗျ”ဟူ၍ ပြောလိုက်လေရာ အဖိုးကြီး ဦးသာအောင်မှာ ၎င်း၏ မြေးဖြစ်သူ မောင်အောင်ဦးအား ကြည့်၍ တခွီးခွီး ရယ်မောလိုက်ပြီး -
“ငါ့မြေးနိုင်ရောကွယ်၊ သရဲ နေနေ ဘာနေနေပေါ့ကွာ၊ အဘ က လက်သံ ကောင်းလို့ ကောင်းကြောင်း ပြောတာပဲ၊ အဲ … ပြောရရင်၊ အဲ့ဒီ လက်သံလေးကို နားထောင်ချင်လို့ အဘက အခု ထိုင်နေတာပဲ ငါ့မြေးရဲ့”
“ဗျာ …..။ အဘ က အဲ့ဒီ အသံကို အရင်ကလည်း ကြားနေရတာပေါ့နော်”
“ဟုတ်တယ်လေ ငါ့မြေးရဲ့၊ အရင်ကလည်း ကြားနေရတာပဲကွ”
“ဟာ … ဒါဆို အဘ ကို အဲ့ဒီ တောင်ပေါ်က သရဲက အဘ နေကတည်းက နေ့တိုင်း ခြောက်နေခဲ့တာပေါ့”
“အမလေး … ငါ့မြေးရယ်၊ အသံကြားရတိုင်း သရဲ ခြောက်တယ်လို့ချည်း ပြောနေတော့တာပါပဲလားကွ၊ ပြီးတော့ ပြောရဦးမယ် ငါ့မြေးရေ၊ အဲ့ဒီ အသံကို အဘ ကြားရတာ အဘ တစ်ယောက်တည်း ဟောဒီနေရာလေးကို လာနေကတည်းက မဟုတ်ပါဘူးကွယ်၊ ဒီအသံက လွန်ခဲ့တဲ့ ၁၀ ရက်၊ ၁၅ ရက်လောက်ကမှ ကြားရတဲ့ အသံပါကွ”
“ငါ့မြေးကတော့ကွယ် ကြောက်တတ်လိုက်တာ၊ ဒါနဲ့ အိပ်နေတဲ့လူဟာ မကြောက်တတ်ဘူးတဲ့ကွ၊ ငါ့မြေး မကြောက်ရအောင် သွားအိပ်ချေတော့”
“အင်း … ငါ့မြေး အိပ်တဲ့ နေရာကလည်း အဘ ထိုင်နေတဲ့ နေရာနဲ့စာရင် အဲ့ဒီ ရန်အောင်တောင်နဲ့ ပိုနီးသွားမလားပဲ”
“ဟေ့ကောင်တို့ရေ … မင်းတို့ကို ကြုံတုန်းကြုံခိုက် ရန်အောင်တောင်ပေါ်က သရဲအကြောင်းကို ပြောရဦးမယ်ကွ”
“ဒီလိုကွာ၊ ဟိုနေ့က ငါ့အဘနဲ့ တူတူ သွားအိပ်တယ်ကွ၊ မင်းတို့လည်း သိတယ် မဟုတ်လား၊ ငါ့အဘက အဲ့ဒီ ရန်အောင်တောင် နားမှာ တစ်ယောက်တည်း နေတာလေကွာ”
“မင်းကလည်းကွာ၊ အဲ့ဒါ သိနေတာပဲ၊ သရဲ ဘယ်လို ခြောက်တာတုန်း ဆိုတာသာ ပြော”
“အေးပါ၊ ပြောပါ့မယ်၊ အဲ့ဒီနေ့ ညသန်းခေါင်ကျော်ကျတော့ ဘယ်လို ဖြစ်တာတုန်း မသိပါဘူးဗျာ၊ ငါလည်း မနိုးစဖူး တစ်ရေးနိုးလာတာကွ၊ ငါလည်း မျက်လုံး ဖွင့်ကြည့်လိုက်ရော၊ လား .. လား .. တဲရှေ့က ကွပ်ပျစ်ပေါ်မှာ ငုတ်တုတ်ကြီးကွာ”
“ဟေ … ဟုတ်လားကွ၊ တောင်ပေါ်က သရဲက မင်းတို့ တဲကို လာခြောက်တာပေါ့”
“ငါ ပြောမှာက အဲ့ဒီ ငုတ်တုတ်ကြီးကိုလည်း တွေ့လိုက်ရော၊ ငါလည်း ကြက်သီးတွေ ထသွားတာပေါ့ကွာ”
“ဒါနဲ့ကွာ၊ ငါလည်း ဘာဖြစ်ဖြစ် ဆိုပြီး အဲ့ဒီ သရဲကို ဓာတ်မီးနဲ့ လှမ်းထိုးလိုက်တယ်ကွာ”
“အားပါးပါး … ကောင်းလိုက်တဲ့ ထန်းရည်၊ သူများ တိုက်လို့လားတော့ မသိဘူး၊ ကောင်းချက်ကတော့ လွန်လွန်းတယ်”
“ဟေ့ကောင် လျှာမရှည်နဲ့တော့၊ မင်းဇာတ်လမ်းကို ထပ်ပြော”
“အေးပါကွာ၊ မင်းတို့ကလည်း ဇွတ်ပဲ၊ အဲ .. ဒါနဲ့ ငါပြောတာ ဘယ်နား ရောက်သွားပြီတုန်း”
“မင်းက သရဲကို ဓာတ်မီးနဲ့ လှမ်းထိုးလိုက်တယ်ကွာ၊ အဲ့ဒီနား ရောက်သွားပြီ”
“အော် … အေး၊ ငါလည်း အဲဒီလို ဓာတ်မီးနဲ့ လှမ်းထိုးလိုက်ရော၊ လား … လား …၊ သူက ဆေးလိပ်ကြီးတောင် ဖွာပြလိုက်သေးတယ်ကွ”
“အဲဒီတော့ ဘယ်လို ထပ်ဖြစ်သေးတုန်း”
“အဲ့ဒီလိုကွာ၊ ဓာတ်မီးနဲ့ လှမ်းထိုးလိုက်တဲ့ ငါ့ကို ကြည့်ပြီး ဆေးလိပ်မီးနဲ့ ဖွာပြတာလည်း တွေ့ရော၊ မင်းတို့ သူငယ်ချင်းပဲ၊ ဘယ်ရမတုန်းကွ၊ တဲ ထဲက ထွက်ပြီး ကွပ်ပျစ်ဆီ လျှောက်သွားတာပေါ့”
“ဟ … ဟ၊ ဟေ့ကောင် ဒါတော့ လွန်ပြီ ထင်တယ်ကွာ၊ ရှင်းရှင်း ပြောရရင် မင်းက ငကြောက်မှန်း ငါတို့ သိပြီးသား၊ အဲ့ဒါတော့ မဖြစ်နိုင်ဘူး ဟေ့ကောင်၊ လာ မဖြီးနဲ့”
“အဟဲ … မင်းတို့ကလည်း၊ ငါ တကယ် သွားခဲ့တာကွ၊ ဘာလို့ဆိုတော့လေ၊ အဲဒီ ဆေးလိပ်ကို ဖွာပြတာ ငါ့အဘ ဖြစ်နေလို့ပဲကွ၊ အဟဲ၊ ငါ တစ်ရေးနိုးတော့ အဘကို မတွေ့ရဘူးလေကွာ၊ ဒါနဲ့ ငါလည်း ကြောက်ကြောက်နဲ့ အဘများ ဖြစ်နေမလားဆိုပြီး ဓာတ်မီးနဲ့ လှမ်းထိုးကြည့်တော့ အဲ့ဒီ ငုတ်တုတ်ကြီးက အဘ ဖြစ်နေတာကွ၊ အဟဲ .. အဟီး”
“ဖိုးကျော်ရေ …၊ ဟော .. ဟိုက မြင်နေရတာ ဒီအနီးအနား တစ်ဝိုက်မှာ နာမည်ကြီးတဲ့ ရန်အောင်တောင် ဆိုတာပေါ့၊ တောင်ပေါ်က ထုံးဖြူဖြူစေတီလေးကတော့ဖြင့် ရန်အောင်စေတီပေါ့ကွာ”
“ရန်အောင်တောင် ဆိုတာ ဒီတောင်ကိုးဗျ ….။ ကိုခင်ရေ …. ရန်အောင်စေတီလေးကတော့ဖြင့် ထုံးဖြူဖြူ စေတီလေး ဆိုပေမယ့် သပ္ပါယ်သားဗျ”
“သပ္ပါယ်တာပေါ့ ဖိုးကျော်ရယ်၊ ဒါ့ထက် ကျုပ်တို့ ဒီဇရပ်မှာပဲ စခန်းချပြီး ရွက်လှရွာကို ဝင်ကြတာပေါ့”
“ဟုတ်ပါပြီလေ၊ ကိုခင် သဘောပါပဲ”
“ဒီက ကိုခင်တို့၊ ဖိုးကျော်တို့၊ ခင်မြတို့၊ တင်စိန်တို့ကို ကျုပ်တစ်ခုလောက်တော့ ပြောရဦးမယ်ဗျ”
“ပြောပါဗျာ ….၊ ပြောပါ”
“ဒီလိုဗျ ….။ ကျုပ်တို့ ဒီဇရပ်လေးမှာ နေကြတာ နှစ်ရက်ရှိသွားပြီ မဟုတ်လား၊ ဒီနေ့ရောဆို သုံးရက်ပေါ့ဗျာ။”
“အင်း ….၊ ဟုတ်ပါတယ်.. ဒါ့ထက် ဘာဖြစ်လို့လဲ အောင်ကိုရဲ့”
“ဒီလိုဗျ …..၊ ကျုပ်တို့ စရောက်တဲ့ ညကရော၊ မနေ့ညကပါ ကျုပ် တယောသံ ကြားမိသလားလို့၊ ဟို .. ကိုခင်ပြောတဲ့ ရန်အောင်တောင်ပေါ်က လာတဲ့ တယောသံလို့ ကျုပ်တော့ ထင်မိတယ်ဗျ”
“ကိုခင်က ဘာလို့ ပြုံးတာတုံးဗျ။ ကျုပ်ပြောတာ မယုံလို့လား”
“မဟုတ်ရပါဘူး အောင်ကိုရယ်၊ ကျုပ်တွေးထားတာနဲ့ မောင်ရင် ပြောတာနဲ့ အံကိုက်ဖြစ်သွားလို့ ကျုပ်က ပြုံးမိတာပါ”
“ဒါဆို ကိုခင်လည်း တယောသံ ကြားရတယ်ပေါ့”
“ဟုတ်တယ် အောင်ကို၊ ကျုပ်လည်း ဒီတယောသံကို နှစ်ရက်ဆက် ကြားခဲ့ရပါတယ်။ ဒီနေ့ညရောပါ ထပ်ကြားရလို့ကတော့ဖြင့် ကျုပ် တွေးထားတာက ရန်အောင်တောင်ပေါ်တက်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက် စုံစမ်းကြဖို့ပဲ။ ဒီတော့ကာ အကယ်၍များ ဒီနေ့ညပါ တယောသံ ထပ်ကြားရရင် နက်ဖြန်ခါ ညဘက်မှာ ကျုပ်နဲ့ ဖိုးကျော်က တောင်ပေါ်ကို သွားပြီး တယောသံပိုင်ရှင်ကို စုံစမ်းမယ်။ အောင်ကို ကတော့ ခင်မြနဲ့ တင်စိန် အဖော်ရအောင် နေခဲ့ရမယ်”
“ဟေ့ကောင်တို့ရေ … ငါဖြင့် လာသာ လာရတာ၊ ခပ်လန့်လန့်ပဲဟ”
“ဟေ့ကောင် ဖိုးလေး၊ မင်း လန့်နေရင်လည်း ငါတို့နဲ့ ဆက်မလိုက်နဲ့ကွာ၊ တစ်ယောက်တည်း ဒီကနေ လှည့်ပြန်တော့”
“ဒီလိုတော့ ဘယ်ဖြစ်မလဲကွ”
“အေး … တစ်ယောက်တည်း မပြန်ရဲရင်လည်း ဘာမှ လန့်မနေနဲ့၊ ဒါပဲ”
“ဟေ့ကောင် ရဲကြီး၊ တယောသံ ကြားရတာနဲ့ မင်းက ရှေ့ဆုံးက တက်ရမှာနော်”
“အေးပါဟ၊ ငါ သိပါတယ်”
“သိရင်လည်း ပြီးရော၊ ငအောင် က ရဲကြီးနောက်ကနော်”
“မင်းကလည်း စီစဉ်ထားတဲ့အတိုင်း သိပြီးသားကို လျောက်ပြောနေသေးတယ်၊ မင်း ကြောက်နေလည်း အေးအေးဆေးဆေး နေပါကွာ၊ အဲ … ဒါနဲ့ ပိတ်ဆုံးက လိုက်တဲ့ကောင်နောက်နေ ဘွားခနဲ ပေါ်လာလို့ကတော့ .. အဟိ .. ခွိခွိ”
“ဟေ့ကောင် ရဲကြီး ပေါက်ကရ လျောက်မပြောနဲ့ကွာ၊ မင်း ပြောတာနဲ့ ကြောချမ်းချင်သလိုတောင် ဖြစ်လာပြီ”
“ဟေ့ကောင်တွေ ဟိုမှာ .. ဟိုမှာ … ကြည့်စမ်းပါဦး”
“ဟာ .. တောင်ပေါ်တက်ပြီး တယောထိုးမယ့် သရဲတွေလား မသိဘူးကွ၊ ငါတို့ ပြေးကြရအောင်ကွာ”
“အရေးကြီး ဒီငကြောက်ကလည်း တစ်မျိုးပဲ၊ အဲဒါ သရဲတွေ မဟုတ်လောက်ဘူးဟ၊ သူတို့ဆီက တစ်ချက်တစ်ချက် လင်းလာတာ ဓါတ်မီးအရောင်ပဲ ဖြစ်ရမယ်ကွ”
“ငအောင် ပြောတာ ဟုတ်လောက်တယ်၊ ဓါတ်မီး ကိုင်ထားပုံထောက်တော့ လူတွေပဲ ဖြစ်ရမယ်၊ ငါတို့ ရွာက ကိုကြီးငတက်တို့များလား မသိဘူး”
“အာ .. ကိုကြီးငတက်က ဒီအချိန်ဆို ထန်းရည် မူးပြီး အိပ်နေလောက်ပြီ၊ ငါ သူ့ကို ညနေက တွေ့တုန်းကတောင် တော်တော် မူးနေပြီဟ”
“ဒါဖြင့် ဘယ်သူတွေ ဖြစ်ကြမတုန်းကွ”
“ဒါတော့ ငါတို့ စောင့်ကြည့်ရမှာပဲ၊ ငါတို့ ဟိုနားကို သွားပုန်းနေရအောင်၊ ဓါတ်မီးတော့ မထိုးကြနဲ့နော့”
“ငါတို့ ထင်တဲ့အတိုင်း လူတွေပဲကွ၊ ငါတို့ ဘယ်လို ဆက်လုပ်ကြမတုန်း”
“ဒါမှ ဂွကျတာပဲကွာ၊ ဒီလူတွေက ဒီအချိန်ကြီးမှ တိုက်တိုက်ဆိုင်ဆိုင်ကွာ တောင်ခြေကို ဘာလာလုပ်ကြသလဲ မသိပါဘူး”
“ဟေ့ကောင် … ဟေ့ကောင် .. တောင်ခြေကို မဟုတ်ဘူး .. ဟိုမှာ တောင်ပေါ်ကို တက်သွားကြပြီတွေ့လား”
“ငါ ထင်တဲ့အတိုင်း တယောထိုးမယ့် သရဲတွေလည်း မသိဘူးနော်”
“အာ … ဖိုးလေးကလည်း၊ မင်းကလည်း တစ်ဆိတ်ရှိ သရဲဆိုတာကြီးပဲ၊ မင်း မမြင်ဘူးလား၊ လူတွေမှန်း သိရက်နဲ့”
“သရဲတွေကလည်း လူလိုပဲ ဖြစ်မှာပေါ့ကွ၊ ငါတို့က အခု လူရုပ်ပုံစံပဲ မြင်ရတာကို၊ အနီးကပ် မြင်ရတာမှ မဟုတ်တာ၊ တော်ကြာနေ သူတို့မှာ အစွယ်တွေ ဘာတွေ ပါနေရင် ဘယ်လို လုပ်မလဲ”
“မင်း ပါစပ် ပိတ်ထားပါဦး ဖိုးလေးရာ၊ အခု ငါတို့ ဘယ်လို ဆက်လုပ်ကြမတုန်း”
“ဒီလို လုပ်ရအောင်ကွာ၊ ငါတို့ အဲဒီလူနှစ်ယောက်ကို မလိုက်တော့ဘူး၊ အစီအစဉ်အတိုင်းပဲ တယောသံကြားရင် အပေါ်ကို တက်ကြမယ်။ ဒါပေမယ့် သတိတော့ ထားသွားရမယ်ကွ၊ စောစောက နှစ်ယောက်က ဘာမှန်း ညာမှန်း သိတာ မဟုတ်ဘူး”
“အေး .. ဒါပဲ ကောင်းတယ်၊ တယောသံ ကြားအောင် ဒီနေရာကပဲ ငါတို့တွေ ထပ်စောင့်ကြရအောင်ကွာ”
“ဟေ့ကောင်တို့ရေ .. ခြင်တွေကလည်း ဆော်သဟ၊ တောင်ပေါ်က တယောသံကလည်း စောင့်ပါမှ ထွက်ကို မလာသေးဘူး”
“စိတ် ရှည်ရှည်ထားစမ်းပါ ငအောင်ရာ၊ အချိန်တန် ထွက်လာမှာပေါ့”
“စောင့်တော့ စောင့်နေတာပဲဟ၊ ဒါနဲ့ ဟို မည်းမည်းနှစ်ယောက်လည်း ပြန်ဆင်းလာတာ မတွေ့ရသေးဘူးနော့”
“ငါလည်း အဲဒါပဲ စဉ်းစားနေတာကွ၊ အဲဒီ မည်းမည်းနှစ်ယောက်က ဘာတွေတုံး။ ဟိုငကြောက် ဖိုးလေးပြောသလို တယောထိုးမယ့် သရဲတွေဆိုလည်း တယောသံက ကြားလာရမှာပေါ့ကွ။ အခုဟာက ဘယ်လို တွေးရမှန်းကို မသိဘူး”
“ငါအထင်တော့ တောင်ပေါ်မှာ နေတဲ့ သရဲတွေများလား မသိဘူး။ ငါတို့ကို မြင်လို့ အယောင်ပြပြီး ခြောက်တာနေမှာ”
“ဟေ့ကောင် ဖိုးလေး၊ မင်းကလည်း မည်းမည်းမြင်ရင် သရဲကြီး ပြောနေတော့တာပဲ။ မင်း မလိုက်လာရင် တော်တော်ကောင်းမှာ”
“ဟေ့ကောင် အောင်ဦး၊ ငါက သရဲထင်လို့ သရဲလို့ပြောတာ ဘာဖြစ်တုန်းကွာ”
“အေး .. ဘာမှ မဖြစ်ဘူး ဖိုးလေး၊ မင်းကို ကြောက်တတ်လွန်းလို့ ပြောနေတာ”
“တော်ပါတော့ကွာ။ ဖိုးလေးပြောတာ ဂရုစိုက်မနေနဲ့၊ ငါတို့ ဘယ်လို ဆက်လုပ်ကြဦးမလဲ ဆိုတာကိုပဲ ပြောကြရအောင်၊ အခုဟာက ငါတို့ အစီအစဉ်တွေကိုတောင် ပြောင်းရတော့မလို ဖြစ်နေပြီ”
“အစီအစဉ်တော့ ပြောင်းလို့ မဖြစ်ဘူးကွ၊ ဒါပေမယ့် နည်းနည်းတော့ ပြောင်းရမယ်ထင်တယ်”
“လုပ်စမ်းပါဦး မိုးကို ရာ .. ဘယ်လို နည်းနည်း ပြောင်းရမှာတုံး”
“ဒီလိုကွာ၊ ငါတို့ ထပ်စောင့် မနေနိုင်တော့ဘူး၊ ခြင်တွေလည်း တော်တော်ကိုက်လာပြီ၊ ငါတို့ အကြောင်းသိရအောင် တောင်ပေါ် တက်ကြည့်ကြရအောင်ကွာ”
“အမလေးဗျ ….”
“ဟေ့ … ဘယ်သူလဲကွ၊ သေချင်လို့လား …”
“ကျုပ်တို့ ရွက်လှ ရွာသားတွေပဲ။ ခင်ဗျားတို့ကရော ဘာတွေလဲ”
“ဟ .. တယ်လာတဲ့ လူငယ်ပါလားဟေ့။ ငါတို့ ဘာဖြစ်ဖြစ်ပေါ့ကွာ။ မင်းတို့က အချိန်မတော် ဘာကြောင့် ဒီတောင်ပေါ်ကို ရောက်လာတာလဲ။ သရဲ မကြောက်ဘူးလား”
“ကျုပ်က သရဲကို လူဆိုးလူညစ်လောက် မကြောက်တတ်ဘူးဗျ”
“သတ္တိခဲလေးတွေပါလား ဖိုးကျော်ရေ”
“ဟုတ်ပါသကော ကိုခင်ရေ။ ဒီသတ္တိခဲလေးတွေကို နည်းနည်းလေး ကြောက်တတ်သွားအောင် သင်ပေးရရင် မကောင်းဘူးလားဗျ”
“အင်း .. ငါလည်း ဒါကိုပဲ စဉ်းစားနေတာ … ငါတို့တော့ တယောထိုးတဲ့ သရဲကို မဖမ်းနိုင်သေးတဲ့ အတူတူ ဒီကောင်လေးတွေကိုပဲ ဖမ်းလိုက်ကြရင် မကောင်းဘူး”
“ဟေ့လူတွေ ခင်ဗျားတို့ ဒါကို ဘာမှတ်နေတုန်း”
“အဲဒါ သစ်သားချောင်းကြီးလေကွာ၊ ငါတို့မှာ မင်းတို့ လက်ထဲက သစ်သားချောင်းတွေထက် ကောင်းတဲ့ဟာ ပါသကွ၊ ဟောဒီမှာ လေကွာ”
“ဒီကောင်တွေကို သေနတ်နဲ့ မင်း ချိန်ထားလိုက်ဦး၊ ငါ တယောထိုးတဲ့လူကို သွားကြည့်လိုက်မယ်။”
“ဟေ့လူ … ခင်ဗျား လက်ထဲက သေနတ်က အတုလား၊ အစစ်လား”
“အစစ်မှန်း အတုမှန်း သိချင်ရင် မင်းကို အစမ်း ပစ်ပြမယ်လေ၊ မကောင်းဘူးလား၊ ဟား .. ဟား ”
“အစမ်းတော့ မပစ်ပြပါနဲ့ဗျာ၊ သေနတ်နဲ့ ပစ်ခံရလို့ သေတဲ့လူဆိုပြီး ရွာထဲမှာ နာမည်ကြီးသွားပါဦးမယ်ဗျ၊ မဟုတ်ဘူးလား ဟေ့ကောင်တို့ရာ”
“အေး .. ဟုတ်တယ် မိုကိုရေ၊ နာမည် ကြီးမယ်ဆိုလည် မင်းတစ်ယောက်တည်း အကြီး မခံနိုင်ပါဘူး။ ငါတို့ပါ ပါမှာပေါ့ကွ”
“ဟေ့ကောင်တွေ၊ ယီးတီးယားတား တော့ လုပ်မယ် မကြံကြနဲ့နော့။ ငါ့ လက်ညိုးလေး တစ်ခါကွေးလိုက်ရင် အသက် တစ်ချောင်း ပါတတ်တယ်။ လွယ်လွယ်နဲ့တော့ ပါသွားတယ် မထင်နဲ့ဦး။ မချိမဆန့် ဝေဒနာတွေကို ခံစားရသေးတယ်ဆိုတာလည်း မှတ်ထားဦး .. ဟဲ .. ဟဲ”
“ဒီလိုဆို ခင်ဗျားကို မေးရပါဦးမယ် … ဒီဝေဒနာတွေက မြွေကိုက်ခံရတဲ့ ဝေဒနာတွေလောက် ပြင်းသလားဗျ”
“ငါ့ကို အဲဒါတွေ လာမမေးနဲ့။ သိချင်ရင် ပစ်ပြမယ်”
“ပစ်တော့ မပြပါနဲ့ဗျာ။ ကြောက်ပါတယ်ဗျ။ ကျုပ်က အဲဒီ ဝေဒနာမျိုးကို မခံစားဖူးချင်ပါဘူး။ အဲ … ဒါပေမယ့် .. ဒါပေမယ့်”
“ခင်ဗျားတော့ဖြင့် မြွေကိုက်ခံရတဲ့ ဝေဒနာကို ခံစားရတော့မယ် ထင်တယ်။ ခင်ဗျားရဲ့ နောက်မှာ မြွေဟောက်ကြီး …”
“ဒုတ် ……… ခွပ် …….. အ ….”
“ဟေ့ကောင် .. သူ့ မျက်နှာဖုံး ဆွဲချွတ်လိုက်ကွာ။ ဘယ်သူလဲ သိရအောင်”
“ဟာ … ဒါ .. ငါတို့ရွာကို လာလာတောင်းနေတဲ့ သူတောင်းစား မဟုတ်လားကွ။ တော်တော် ရိုင်းတာပဲကွာ”
“ဟုတ်ပါတယ်ကွာ။ မင်းတို့ရွာထဲဝင်ပြီး တောင်းစားနေတဲ့ သူတောင်းစားပါပဲ။ ဒါပေမယ့် သူတောင်းစား အစစ်တော့ မဟုတ်ဘူး။ တကယ်က ဓားပြကွယ့်”
“ခင်ဗျားက ဘယ်သူတုံး။ ခင်ဗျားကို ကျုပ်တို့လည်း မမြင်ဖူးပါလားဗျ”
“ငါ့ နာမည် ဗြဟ္မာမောင်မောင် လို့ ခေါ်တယ်။ ဒီလို ကောင်မျိုးတွေကို ကန့်လန့် တိုက်တတ်တဲ့ လူတစ်ယောက်ပဲ ဆိုပါတော့ကွာ”
“နေစမ်းပါဦးဗျ။ ခင်ဗျားက စုံထောက်လား”
“မင်းတို့ ထင်သလို ထင်လိုက်ကြပေါ့ကွာ။ ဒါနဲ့ တောင်အောက်မှာ မင်းတို့ သူကြီးရယ်၊ ဘသာအောင်ရယ်၊ ရွာသားတွေရယ် စောင့်နေကြလိမ့်မယ်။ မင်းတို့ သူ့ကို ထမ်းခေါ်ပြီး သွားလိုက်ကြ။ ငါလည်း တစ်ယောက်ကို သယ်ခဲ့ရဦးမယ်”
“ကဲ .. သူကြီး၊ ဒီငါးယောက်ကို ပုလိပ်လက်ကို သွားအပ်လိုက်ကြပါ။ ပုလိပ်က ဘယ်သူတွေလဲလို့ မေးခဲ့ရင် “ကြောင်နက် အုပ်စုပဲ” လို့ အဖြေပေးလိုက်ပါ။ ကျုပ် တာဝန် တစ်ခုတော့ဖြင့် ပြီးသွားပြီ။”
“ဒါနဲ့ တစ်ခုလောက် မေးချင်လို့ပါ။ တောင်ပေါ်မှာ တယောထိုးတာက ခင်ဗျားလားဗျ”
“ဟုတ်ပါတယ် ငါ့ညီတို့ရဲ့။ ဘာလဲ ..။ မင်းတို့က ဥစ္စာစောင့်တို့၊ သရဲတို့ ဆိုတာတွေ ထင်နေလို့လား”
“အဟဲ … ဟုတ်တယ်ဗျ။ ဒါကြောင့် ဒီနေ့ည လာချောင်းကြည့်တာပါ”
“ဒီတယောသံရဲ့ ရည်ရွယ်ချက်က ငါ့ညီတို့ အတွက် မဟုတ်ဘူးကွ။ ဟောဒီက ကြောင်နက် အုပ်စု အတွက်ပဲ။ ဒီကောင်တွေက ရွာတွေကို လိုက်ပြီး ဓါးပြတိုက်နေတဲ့ ကောင်တွေ။ ဓါးပြ ဆိုပေမယ့် ပေါ့သေးသေး ဓါးပြတွေတော့ မဟုတ်ဘူး။ ဟိုက မေ့နေတဲ့ လူဆိုရင် အတော် နပ်တဲ့လူပဲကွ”
“မောင်ရင်ရဲ့ အကြံအစည်တွေကတော့ အံ့မခန်းပါပဲ။ ကွက်တိကို ဖြစ်နေတော့တာပါပဲလားကွယ့်”
“အဲဒီလောက်လည်း မဟုတ်သေးပါဘူး ဘသာအောင်ရယ်။ ကျုပ်က ဖြစ်နိုင်ချေ ရှိတာတွေကို တွေးပြီး လှုပ်ရှားရတာပါ”
“ဒါနဲ့ မောင်ရင်ကို မေးရပါဦးမယ်။ မနက်ဖြန် ညကျရင်ရော တောင်ပေါ်တက်ပြီး တယောထိုးဦးမှာလား”
“တောင်ပေါ် တက်စရာ မလိုတော့ပါဘူး ခင်ဗျာ။ တယော ထိုးမယ့်ထိုးတော့ ဘသာအောင်ရဲ့ တဲကလေး အရှေ့ ကွပ်ပျစ်လေးပေါ်မှာပဲ အေးအေးလူလူ ထိုးတော့မယ်ပေါ့ဗျာ .. အဲဒါဆို ဘသာအောင်လည်း နီးနီးကပ်ကပ် နားထောင်လို့ ရတာပေါ့”
“ဟာ .. ဟုတ်တယ်။ အဲဒါ ပိုကောင်းတယ်။ ဟား .. ဟား … ဟား …”
By - မဟာရာဇာ အံစာတုံး================
“မောင်ရင်၊ ကျုပ်လာထိုင်လို့ အနှောက်အယှက် ဖြစ်သွားသလား၊ ကျုပ်က မောင်ရင့်ကို ပြောစရာလေး ရှိလို့ တမင်တကာ မောင်ရင့်ဝိုင်းမှာ လာထိုင်တာပါ၊ ဝိုင်း မပြောင်းပါနဲ့ဦး၊ ဒီမှာပဲ ခဏဖြစ်ဖြစ် ထိုင်ပြီး ကျုပ်ပြောတာလေးကို နားထောင်ပေးပါဦး”
“ခင်ဗျား၊ ကျုပ်ကို ပြောမှာဆိုတာ ဘာတုန်း၊ ခင်ဗျားကိုလည်း ကျုပ် မသိပါလား”
“မောင်ရင်က ကျုပ်ကို မသိပေမယ့် ကျုပ်ကတော့ မောင်ရင့်ကို သိနေတဲ့ လူတစ်ယောက်ပဲ ဆိုပါတော့၊ ဒါကို ထားပါဦး၊ ကျုပ်ပြောချင်တဲ့ အကြောင်းက တကယ့်ကို ထူးခြားဆန်းပြားတဲ့ အကြောင်းပဲ မောင်ရင်ရဲ့”
“ဒီလို မောင်ရင်ရဲ့၊ ငန်း က ရွှေဥ ဥပေးတယ်ဆိုတဲ့ အကြောင်းကို ကြားဖူးသလား”
“ကြားဖူးတယ်လေ၊ ငန်းက တစ်နေ့ကို ရွှေဥ တစ်လုံး ဥပေးတယ်၊ လောဘကြီးတဲ့ ငန်းပိုင်ရှင်က ငန်းဗိုက်ထဲမှာ ရွှေဥတွေ အများကြီး ရှိဦးမှာပဲ ဆိုပြီး ငန်းကို သတ်ပြီး ဗိုက်ခွဲကြည့်တယ်၊ ဒီဇာတ်လမ်း မဟုတ်လား”
“ဟုတ်တယ် မောင်ရင်၊ အဲ့ဒီ အကြောင်းပဲ၊ ဒါ့ထက် မောင်ရင့်ကို မေးရဦးမယ်”
“မေးဗျာ”
“အဲ့ဒီလိုမျိုး ရွှေဥ ဥပေးတဲ့ ငှက်မျိုး အပြင်မှာ တစ်ကယ်ရှိတယ်ဆိုရင် မောင်ရင် ယုံမလား”
“မောင်ရင်ကတော့ ကျုပ်ကို ငပေါကြီးလို့ ထင်နေလိမ့်မယ်။ ကျုပ် မပေါ ပါဘူးဗျာ။ ကျုပ်က တကယ် မေးတာပါ”
“လက်တွေ့ ပြမယ်ဆိုရင်ရော မောင်ရင် ယုံမလား”
“အင်း …၊ ဒါဆိုရင်တော့ ယုံရမှာပေါ့ဗျာ”
“မောင်ရင့်ကို ကျုပ်ပြောချင်တာ ဒီအကြောင်းပဲ မောင်ရင်ရဲ့”
“ခင်ဗျား ပြောချင်တာ ဒီအကြောင်းဆိုတော့ ပြီးပြီပေါ့နော့”
“အဟဲ …၊ မောင်ရင်က ကျုပ်ကို အတင်း နှင်နေပါရောလား၊ မောင်ရင် မယုံဘူးဆိုတာ ကျုပ်သိပါတယ်၊ ဒါပေမယ့်လည်း ကျုပ် ထပ်ပြောရလိမ့်ဦးမယ်ဗျ”
“ဒါဖြင့်လည်း မြန်မြန်သာ ပြောဗျာ”
“ဒီလို မောင်ရင်ရဲ့၊ အခု ကျုပ် မောင်ရင့်ကို ပြတာဟာ နမူနာပဲ ရှိသေးတယ်ဗျ၊ အဲ့ဒီလို ငှက်မျိုးတွေ ရှိတဲ့ နေရာမှာ ရွှေဥ တွေက အပုံကြီးရယ်၊ မောင်ရင် ယုံမလားတော့ မသိဘူး၊ အဲ့ဒီ နေရာကို ကျုပ် သိထားတယ်ဗျ။ သွားရမယ့် ခရီးကတော့ အန္တရာယ်တွေတော့ ရှိတာပေါ့ မောင်ရင်ရယ်၊ လွယ်လွယ်နဲ့ ရနိုင်ရင် လူတိုင်း သူဌေးတွေ ဖြစ်နေမှာပေါ့နော့”
“ခင်ဗျား သိတယ်ဆိုတာကို ကျုပ်က ယုံတယ်ပဲ ထားပါတော့ဗျာ”
“မောင်ရင်၊ ယုံတာ မယုံတာကို ထားဦး၊ ကျုပ် အဲ့ဒီနေရာကို သွားမယ်ဗျ၊ ဒါပေမယ့် အန္တရာယ် ရှိတဲ့ ခရီးကို အဖော် မပါဘဲနဲ့ ခရီး မသွားနဲ့ ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ၊ ကျုပ် တစ်ယောက်တည်း သွားမှာထက် ဒီခရီးနဲ့ သင့်တော်မယ့် လူတွေကို ကျုပ်က လိုက်ရှာနေတာပဲ၊ ပြောရရင် မောင်ရင်က ကျုပ်နဲ့ အတူသွားဖို့ သင့်တော်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း ကျုပ် ကောင်းကောင်းကြီး စုံစမ်းပြီး သိထားတယ်ဗျ၊ အခု ကျုပ်လာတဲ့ အကြောင်းကလည်း မောင်ရင့်ကို တကူးတက လာဖိတ်တာပါပဲ၊ မောင်ရင် ကျုပ်နဲ့ လိုက်ပါလိုတဲ့ ဆန္ဒရှိတယ်ဆိုရင်တော့ဖြင့် သင်္ဃန်းကျွန်းဘူတာနားက အိမ်မဲကြီး ကိုသာ သန်ဘက်ခါ မနက် လာခဲ့ဗျာ၊ အဲ့ဒီကျရင် အကြောင်းစုံကို ထပ်ပြောပြဦးမယ်”
By - မဟာရာဇာ အံစာတုံး================
သူ လမ်းခွဲသွားခဲ့စဉ်ကကမ္ဘာမှာ ယောက်ချာချာနဲ့
အချစ်ဦးမို့ရူးလောက်အောင်ချစ်ခဲ့တာလည်း သူအသိ
နှလုံးသားထဲက ဒဏ်ရာနာကျင်လွန်းတာကြောင့်
သူ့အတွက်နဲ့ အသည်းလည်း ကျွမ်းမျက်ရည်လည်း ခမ်းခဲ့တယ် …
အခုတော့ဒီဒဏ်ရာတွေကို ကုစားရင်း
ခဲမှန်ဖူးတဲ့ စာသူငယ် ဖြစ်ပေမယ့်လည်းသူ့ရဲ့ နာမည်လေးကိုတော့
အချစ်ဦး ….ဖြစ်ခဲ့ဖူးတယ် ….
By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း=========================
သူ့ရနံ့က နှစ်သက်စဖွယ် …
သူ့စိတ်ရင်းက ဖြူစင်တယ် ….
သူ့ပွင့်ဖတ်က ယုယချင်စဖွယ် …
သူ့ကို နမ်းရှိုက်မိတော့တယ် …
အို .. ချစ်သော စံပါယ် ………………။
By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း==========================
ည ….. သည်တိတ်ဆိတ်နေ၏ …..။
ည ….. သည်အိပ်စက်သူတို့၏
ည ….. သည်တိုးတိုးတိတ်တိတ် အသံတို့
ည ….. သည်အိပ်မက် အများအပြား
ည ….. သည်ကြောက်မက်ဖွယ်လည်း
ည ….. သည်အိပ်မရသူအတွက်
ည ….. သည်အနောက်က ချောင်းပြီး ရိုက်တတ်သူနှင့်
ည ….. သည်“လ” ကို အဖော်ပြု၍
ည ….. သည်မှောင်မိုက်ခြင်းကို ကိုယ်စားပြု၍
ည ….. သည်ဆိုး၏ ……………….။
အချိန်ကာလတိုင်းသည်အဆိုးနှင့် အကောင်းတို့
By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း==========================
By - မဟာရာဇာ အံစာတုံး===============
ကျွန်ုပ်၏ အသုဘအားစိတ်ပါလက်ပါ ဆောင်ရွက်ပေးမည့်သူ
ကျွန်ုပ်၏ နောက်ဆုံးခရီးအားလိုက်ပါပို့ပေးမည့်သူများမှာ မည်သူတို့ ဖြစ်မည်နည်း
ကျွန်ုပ်အတွက် မည်သူကအမျှပေးဝေမည်နည်း …
အကယ်၍သာ …သေလွန်ပြီး တစ်နှစ်ခန့်ကြာသည့်အခါ …
အကယ်၍သာ …သေလွန်ပြီးနောက် …..
အကယ်၍သာ …ပြိတ္တာဘဝသား ဖြစ်ရပါကလည်း
အကယ်၍သာ …အသူရကာယ် သံသရာ
အကယ်၍သာ …ငရဲအိုးမှာ တိုးဝှေ့ရပါကလည်း
အကယ်၍သာ …နတ်ပြည်ဗိမ္မာန် စံမြန်းရပါက
အကယ်၍သာ …နတ်တို့၏မင်း သကြားမင်း
အကယ်၍သာ …ဈာန်အရာကြောင့်
အကယ်၍သာ …လူ့ဘုံဘဝ ပြန်ရပါက
By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း==========================
ခေါင်းခါပါတယ်မုန်းမေ့ဖို့ တွေးလိုက်မိတိုင်း
တစ်ကို နုတ်ကြည့်ပါလားသုံးကနေ နှစ်ဖြစ်ချင်ရင်
အချစ်ဦးမို့တစ်သက် မမေ့ဘူး
ဇာတ်လမ်းပြီးကတည်းကမဆိုင်သလို မျက်နှာထားနဲ့
တကယ်လို့များနောက်ဘဝဆိုတာရှိခဲ့ရင်
By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း==========================
သစ်ပင်တွေ ယိမ်းထိုးအငြိမ်းနဲ့ မိုးမင်းသမီးရယ်
မနက်က နေသာလို့ထီးက မပါ
မင်း …ရက်စက်တယ်ကွယ် ….. ။
By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း===========================
By - မဟာရာဇာ အံစာတုံး မောင်ရွာ ရေပုလင်း===========================